Reddit ဆိုတာ

နည်းပညာ Feb 08, 2020

လတ်တလော အနေနဲ့ ကျွန်တော်တို့ မှတ်စုတို page ကနေ request လုပ်ခံရတဲ့ topic နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ Git အကြောင်း ဖြစ်ပြီးတော့ နောက်တစ်ခု ကတော့ Reddit ပါ။ Git အကြောင်းကတော့ Zero က ရေးမှာ ဖြစ်ပြီးတော့ ကျွန်တော်က Reddit အကြောင်းကို ရေးမှာပါ။

Reddit ဟာ Board System တွေ အများစုအနက် တစ်ခုပါ။ အစောပိုင်းကတော့ digg.it တို့လို bookmark လုပ်လို့ရအောင် ရည်ရွယ်ထားပေမယ့် နောက်ပိုင်းမှာတော့ ဆွေးနွေးလို့ရအောင် feature တွေထည့်ရင်း အခုဆိုရင် အင်တာနက်ရဲ့ မျက်နှာစာလို့ ပြောလို့ရအောင် သန်းရာနဲ့ချီသော သူတွေ သုံးတဲ့ platform ဖြစ်လာပါတယ်။ တခြားသော Reddit နဲ့ဆင်တဲ့ Hacker News တို့ Slashdot တို့ရှိပေမယ့် နည်းပညာ အပိုင်းက လူတွေတင် မကဘဲ လူအများစုအနေနဲ့ သုံးလို့ အဆင်ပြေတာကတော့ Reddit ပါ။

အစောပိုင်းမှာတော့ တခြား board system တွေနည်းတူ သုံးရတဲ့ User Interface က ရှုပ်ထွေးပြီး အခက်အခဲရှိပေမယ့် အခု ဒီဘက်နှစ်ပိုင်းတွေမှာ ပြောင်းလဲလာတဲ့ UI ကြောင့် အသုံးပြုရတာ လွယ်ပြီး ပိုအဆင်ပြေလာပါတယ်။ ဒီတော့ Reddit ကို ဘယ်နေရာမှာ သုံးမလဲ။

အဲဒါကတော့ ဖြေရတာ နည်းနည်း အကျပ်ရိုက်ပါတယ်။ Reddit ရဲ့ Community က အကြီးကြီး ဖြစ်ပြီး သူ့မှာ ဝင်ရောက်ဆွေးနွေး ကြည့်ရှုနိုင်တဲ့ subreddit ပေါင်း သိန်းနဲ့ချီပြီးရှိပါတယ်။ Guitar တီးတာကစလို့သတင်းဖတ်ပြီး တော်ကီဖုတ်မလားကိုယ့်ဖာသာကိုယ် အရက်ချက်ရင်းနဲ့ အခက်အခဲတွေ့လို့ မေးချင်သလားMeme တွေကြည့်ပြီး ခွီမလား၊  စသဖြင့် စစ်စစ်ပေါက်ပေါက် မေးခွန်းတွေကို မေးလို့ဖြေလို့ရသလို သူများမေးတာတွေကို ကြည့်လို့ရပါတယ်။

ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် reddit သုံးတဲ့ပုံစံတွေက မတူပါဘူး။ ဥပမာ ကျွန်တော်တို့ ဒီမှာ အများအားဖြင့်တော့ ဝင်ဆွေးနွေးတာထက် သူများဆွေးနွေးတာကို ဖတ်တာများပါတယ်။ အဲဒီလို လူမျိုးကို Lurker လို့ခေါ်ပြီးတော့ ဒီ slang က reddit တစ်ခုထဲမှာထက်စာရင် အင်တာနက် ယဉ်ကျေးမှု အကုန်လုံးမှာ တခြား forum တွေမှာလည်း အဲဒီလိုပဲ သုံးနှုန်းပါတယ်။

ဒါ့အပြင် 4chan က စတာဖြစ်ပေမယ့် Reddit မှာ အများစု သုံးကြတဲ့ AMA ဆိုပြီး User တွေက ဝိုင်းမေးကြတဲ့ အလေ့အထလည်းရှိပါတယ်။ AMA ရဲ့ အရှည်ကတော့ Ask Me Anything ကို အတိုကောက် သုံးထားတာဖြစ်ပြီးတော့ နာမည်ကြီး တော်တော်များများ ပါလေ့ရှိပါတယ်။ ဥပမာ သမ္မတ အိုဘားမား ကိုယ်တိုင် မေးချင်တာမေး ဆိုပြီး ဖွင့်ပေးတာမျိုးပါ။ တကယ်ဟုတ်မဟုတ်ကိုတော့ Moderator တွေက verify လုပ်ရပါတယ်။

Reddit ရဲ့ အားသာချက် သို့မဟုတ် အားနည်းချက် လို့ပြောလို့ရတာ တစ်ခုကတော့ Anonymity ပါ။ လူတိုင်းက ကိုယ့်ဖာသာကိုယ် account create လုပ်ပြီး ဝင်ဆွေးနွေးလို့ရပါတယ်။ ဒီလိုဖြစ်လို့ ‌ေဗေျာက်သောက် ဆဲကြဆိုကြ ဝရုန်းသုန်းကား ဖြစ်ကြမယ်လို့ မထင်ပါနဲ့။ Reddit user တွေဟာ ကိုယ့်ဖာသာကိုယ် community ဆောက်ပြီးတော့ Moderator အဖြစ် တာဝန်ယူကြလေ့ရှိတော့ Community ကောင်း၊ မကောင်းက အဲဒီ moderator နဲ့ admin တွေပေါ်မှာလည်း မူတည်ပါတယ်။

အခုလို Online မှာ Community အကြီးကြီးတွေမှာ ယှဉ်ပြရရင် QuoraStack Exchange တို့ရှိပါတယ်။ သုံးခုစလုံးမှာ တူညီတဲ့ အချက်ကတော့ topic နဲ့ အဖြေတွေကို vote ပေးလို့ရပါတယ်။ Reddit မှာဆိုရင်တော့ topic ဟာ ဆွေးနွေးချက်၊ သတင်း၊ meme တွေ၊ ကြေညာချက်၊ မေးခွန်းတွေဖြစ်နိုင်ပြီးတော့ Quroa နဲ့ Stackexchange ကတော့ အမေးအဖြေဆိုဒ် သက်သက်ဖြစ်တဲ့အတွက် မေးခွန်းပဲဖြစ်ရပါလိမ့်မယ်။  

ထပ်ကွဲသွားမှာက Qurora က သက်ဆိုင်ရာ field က specialist ကို ညွန်းပြီးဖြေခိုင်းတာကို ပိုအားသန်ပြီးတော့ Stack Exchange ကတော့ Stackoverflow ပုံစံသွားတာ ဖြစ်တဲ့အတွက် မေးခွန်းနဲ့ အဖြေတို့ရဲ့ အရည်အသွေးကို ပိုအားထားပါတယ်။ Quora က သက်ဆိုင်ရာ Identity ကို အထူးပြုတဲ့ အတွက် အဲဒီမှာ ဖြေတဲ့သူတွေက ဘယ်သူက ဘာလဲဆိုတာ သိပါတယ်။ ဥပမာ သမိုင်းအကြောင်းမေးရင် သမိုင်း ပါမောက္ခလို့ job title တပ်ထားတဲ့ user တွေကို notification တက်ပြီး ဖြေဖို့ ညွန်းဆိုတာမျိုးပေါ့။

ဒီလိုဖြစ်လို့  Reddit နဲ့ Stack Exchange ရဲ့ content တွေက reliable မဖြစ်ဘူးတော့မဟုတ်ပါဘူး။ အခြေအနေပေါ်မှာ မူတည်ပါတယ်။ အတွေ့အကြုံအရတော့ အဲဒီ Community သုံးခုမှာ reddit ဟာ ပါဝင်ဆင်နွဲဖို့အတွက် အလွယ်ဆုံးဖြစ်ပါတယ်။ ဥပမာ Stack Exchange မှာ မေးခွန်းမေးလို့ low quality question ဆိုရင် downvote လုပ်ခံရဖို့ သေချာသလောက်နီးပါးပါပဲ။

Stack Exchange ကလူတွေ တော်တော်များများက Stackoverflow ကလူတွေပဲ ဖြစ်တာများလို့ downvote လုပ်ဖို့ လက်မတွန့်ပါဘူး။ Quora ကြပြန်တော့ တချို့မေးခွန်းတွေရဲ့ specialist မရှိရင် ဒုတိယဦးစားပေးသူတွေကိုပါ notification ပို့လေ့ရှိတဲ့အတွက် တခါတလေ reliable မဖြစ်ပါဘူး။ Reddit ကတော့ Community ဘယ်လောက်ထိ တောင့်လဲပေါ်မှာ အများကြီးမူတည်တဲ့အပြင် တော်ရုံတန်ရုံ မှားပြောတာနဲ့ ဝိုင်းပြီး downvote လုပ်တာနည်းပါတယ်။

ဘယ်က စသုံးမလဲဆိုရင်တော့ ကိုယ်ကြိုက်တဲ့ community ကိုရှာပြီး subscribe လုပ်ရုံပါပဲ။ စသုံးတဲ့သူတွေက Programmer တွေဆိုရင် r/Programming တို့ r/PHP တို့ကို အသုံးပြုနိုင်သလို ၊ ကျန်တဲ့သူတွေအနေနဲ့လည်း သတင်းဖတ်မယ်ဆိုရင် r/News တို့ r/Meme တို့ စသဖြင့် အများကြီးရှိပါတယ်။ Reddit မှမဟုတ်ပါဘူး တခြား အွန်လိုင်း community တွေပါ အပါအဝင် သုံးဖို့ကို တိုက်တွန်းပါတယ်။ အနည်းဆုံးတော့ ဘယ်ဟာက low quality question တွေဆိုတာ ၊ မေးခွန်းဘယ်လိုမေးမယ် ၊ ဘယ်လိုဖြေရမလဲ စတဲ့ အတတ်ပညာတွေဟာ ကျူရှင်မရှိသလို ကိုယ့်ဟာကိုယ် သင်ကြားယူရမှာပါ။ ဘယ် အသက်မွေးဝမ်းကြောင်းလုပ်လုပ် ဒါတွေက အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။

Kelvin Morris

Programmer, Coffee lover, Gamer, Otaku and Bookworm