See you Space Cowboy

လွန်ခဲ့တဲ နှစ်ကာလ အပိုင်းအခြားတွေက ကိုယ်ကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်းတွေထဲမှာ ကုဒ်ရေးစားတဲ့သူ ပီပီ stackoverflow ကိုသုံးခဲ့ပေမယ့် ကိုယ်ကလည်း ဂျပန်ကာတွန်းကို ကြည့်တဲ့သူဆိုတော့ Stackoverflow ကနေပဲ လုပ်တဲ့ Anime StackExchange လို့ခေါ်တဲ့ Q&A ဆိုဒ်လေးထဲမှာ ကျင်လည် ခဲဲ့တယ်။

See you Space Cowboy

လွန်ခဲ့တဲ နှစ်ကာလ အပိုင်းအခြားတွေက ကိုယ်ကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်းတွေထဲမှာ ကုဒ်ရေးစားတဲ့သူ ပီပီ stackoverflow ကိုသုံးခဲ့ပေမယ့် ကိုယ်ကလည်း ဂျပန်ကာတွန်းကို ကြည့်တဲ့သူဆိုတော့ Stackoverflow ကနေပဲ လုပ်တဲ့ Anime StackExchange လို့ခေါ်တဲ့ Q&A ဆိုဒ်လေးထဲမှာ ကျင်လည် ခဲဲ့တယ်။

နဂိုကတည်းက အမေးအမြန်းထူတဲ့လူဆိုတော့ ကိုယ်က ပေါက်ကရတွေမေး ဖြေတဲ့သူကလည်း အတည်အတန့်ကြီးနဲ့ တစ်ထွာလောက်ရှိတဲ့ စာပိုဒ်လောက်နဲ့ ပြန်ဖြေတာက ဘေးလူကြည့်ရင် ရယ်ရကောင်း ရယ်ရပေမယ့် ကိုယ့်အတွက်တော့ အတော်လေး လေးစားအားကျဖြစ်ရတာတွေထဲမှာပါပါတယ်။ ဒီကြားထဲ ဒါကိုသုံးတဲ့သူတွေကလည်း နည်းပညာနယ်ပါယ်ကလူတွေကများတော့ ပုံစံက ခပ်ဆင်ဆင်တွေပါပဲ။ အဲဒီမှာ သတိထားမိတာကတော့ သူတို့ကြိုက်လေ့ကြိုက်ထရှိတဲ့ ကာတွန်းတွေက အထူးသဖြင့် Chatroom ထဲမှာ သူတို့ ပြောနေ ဆွေးနွေးနေတဲ့ အရာတွေက ဒီကလူတွေနဲ့ သိပ်မတူတာပါပဲ။

ဥပမာဆိုရရင် Eccentric Family လိုမျိုး ဒီကလူတွေ သိပ်မကြည့်ကြတဲ့ ကာတွန်း မျိုးကို Group Watch လုပ်ပြီး စကားပြောကြတာမျိုးပေါ့။  အချိန်နည်းနည်းကြာတော့ သူတို့ကြည့်တာကိုကြည့်ရင်း သူတို့ပြောတာကို တဖြည်းဖြည်း အပတ်လည်လာတယ်ဆိုရမယ်။ သတိထားမိလာတာကတော့ သူတို့ကြည့်တဲ့ ကာတွန်းတွေက နည်းနည်း လူကြီးဆန်သလို ခံစားရပြီး အကုန်လုံးမဆိုလိုပေမယ့် တချို့ series တွေဟာ ဆင်တယ်။ အဲဒီထဲကမှ Cowboy Bebop ဟာ ကျွန်တော်အတွက် အတော်လေး ကြိုက်ရတဲ့ Series ပါပဲ။

အဲဒီ ကာလ အပိုင်းအခြားတွေ ပြန်တွေးမိတဲ့ အခါ ကြည့်ခဲ့ရတဲ့ ရသတွေသာ မက ပြောဖြစ်ခဲ့တဲ့ Community ကလူတွေပါ သတိရပါတယ်။ Community ဆိုတာ အပေါ်က ပြောခဲ့တဲ့ StackExchange ကလူတွေသာမက မြန်မာပြည် facebook ကလူတွေပါပါတယ်။ အနယ်နယ်အရပ်ရပ် ၊ နိုင်ငံရပ်ခြားကရော မြန်မာပြည်ကပါ အသက်အရွယ်အပိုင်းအခြား သိပ်မကွာပေမယ့် ကလေးလည်း မက လူကြီးလည်း မဖြစ်သေးတဲ့ အုပ်စုတွေဟာ ကလေးဆန်တဲ့အခါ လည်း ဆန်ခဲ့သလို လူကြီးလိုမျိုး အချက်အလက်ကျကျနဲ့ ဆွေးနွေးကြတဲ့ အလေ့အထဆိုတာမျိုးက ဒီဘက်ခေတ် မြန်မာပြည်လူအဖွဲ့အစည်းမှာတွေ့ဖို့ ခက်ပါတယ်။


ထိုနည်းတူပဲ အသက်အရွယ်အားဖြင့်အရင်က ဒါအကြောင်း ပြောဖို့ဆိုတာ အွန်လိုင်းမှာ အားရပါးရ တော်ကီဖုတ်ခဲ့ကြပေမယ့် နှစ်ကာလ တစ်ခု ကြာသွားတော့ ဒီလူတွေက ကိုယ့်အလုပ်နဲ့ကိုယ်စီဖြစ်နေတော့ တွေ့ဖို့ရာ မနည်းကြိုးစားရသလို ကိုယ်နှစ်သက်ရာနှစ်သက်ရာ ကိုယ်စီမို့လို အပြင်ကလူတွေကြတော့ ဒါကို ပြောရင် စိတ်မဝင်စားတဲ့သူက များတာရယ် ၊ ကိုယ်ကြိုက်တဲ့ အရာကို သူကြိုက်ချင်မှ ကြိုက်တာရယ်ဆိုတာကလည်း ရှိသေးပါတယ်။ ဒီကြားထဲက အဲဒီကာလက ကိုယ်နဲ့ စကားပြောဖြစ် ရင်းနှီးဖြစ်တဲ့ သူတစ်ယောက် ရုတ်တရက် ဆုံးသွားတော့ ကိုယ်စိတ်ထဲ အတော်လေး အံ့ဩမိတယ်။

ကိုယ်နဲ့သူနဲ့က ဝါသနာ တူကိစ္စရယ် ၊ နိုင်ငံရေး ဘာသာရေး စသဖြင့် အကြောင်းအရာတူတူများများ ပြောဖူးပေမယ့် သူနဲ့က ပုဂ္ဂိုလ်ရေးအရ အရမ်းကြီး ရင်းနှီးတယ်လို့ မဆိုနိုင်ပေမယ့် တချိန်တုံးက ရှိခဲ့လူတစ်ယောက် ၊ သူမျက်နာကို စိတ်ထဲ ပြန်မြင်ယောင်ရင်း ဒီလူ ဒီလောက ကြီးမှာ ဘယ်တော့မှ မရှိနိုင်တော့ဘူး လုံးဝ ပျောက်ကွယ်သွားပြီ ဆိုတာ လက်ခံရတဲ့ အသိကို ကိန်းဝင်အောင် ကြိုးစားဖို့ ဆိုတာ ဆုံးမစာအနေနဲ့လွယ်ရင်လွယ်ပေမယ့် ကျင့်သုံးဖို့ဆိုရာမှာ ခက်ပါတယ်။ အဝန်းအဝိုင်းကလည်း တစ်ခုတည်းလိုဖြစ်နေတော့ သူနဲ့ ပုဂ္ဂိုလ်ရေး အရ ခင်မင်တဲ့ သူဆိုရင် ပိုပြီး ပိုပြီး ခက်ခဲမယ်ဆိုတာလည်း စာနာမိပါတယ်။  ကြိုက်နှစ်သက်ရတဲ့ ကိုယ့်ရဲ့အစိတ်အပိုင်း တစ်ခုကို နားလည်ပေးနိုင်တဲ့သူဆိုတာကလည်း ရှားတာကိုး။ သို့သော်လည်း သွားနှင့်သူဟာ ပြန်လာမှာမဟုတ်လို့  နှုတ်ဆက်ရုံမှ အပ ကိုယ်မှာ လုပ်ပေးနိုင်တာလည်း များများစားစားမရှိပါဘူး

Image Courtesy from 4chan