Raiding Experience in FFXIV

ဂိမ်းလောက Nov 30, 2019

XIV ကို ARR ထဲကဆော့ဖြစ်တယ်ဆိုပေမယ့် အဲ့တုန်းက World of Warcraft လောက် hype မဖြစ်တော့ MSQ (main story quest) ပြီးရင်ရပ်လိုက်တာများတယ်။ အဲ့တုန်းက ထင်ထားတာက ဒီဂိမ်းကိုဆော့တဲ့သူ အများစုက roleplaying အတွက်ဆော့ကြတယ်၊ တကယ်တမ်း raid တွေမှာ World of Warcraft က ပိုကောင်းတယ်ဆိုပြီးတော့ အသံကောင်းဟစ်ခဲ့စဉ်ကပေါ့။

Battle for Azeroth မှာ Raid tier သုံးခုလောက်ပြီးတဲ့အခါမှာကျတော့ WoW ကိုဆော့ရတာ သိပ်ပြီးတော့ အားမရတော့ဘူး။ အရမ်း grinding ဖြစ်လာတယ်၊ gameplay က ထင်ထားသလောက် မကောင်းတော့ဘူး။ ပြောရမယ်ဆိုရင် Legion မှာတုန်းက အရမ်းကောင်းခဲ့သလောက် BfA မှာ အောက်ကိုဆွဲချခံလိုက်ရသလိုပဲ။ အဲ့ဒါနဲ့ပဲ FFXIV ကိုသေသေချာချာ ဆော့ကြည့်ပါအုံးမယ်ဆိုပြီး Eorzea ထဲကို ခြေစုံပစ်ဝင်ခဲ့တယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် post တစ်ခုတောင် ရေးထားဖူးတယ်။

FFXIV မှာ Raid တွေက ၈ ယောက် အဖွဲ့နဲ့ဝင်ရတဲ့ normal raid နဲ့ 8 ယောက်အဖွဲ့ 3 ဖွဲ့ပေါင်းဝင်ရတဲ့ alliance raid ဆိုပြီးတော့ရှိတယ်. Normal Raid တွေက ပြောရင် World of Warcraft ရဲ့ LFR difficulty လောက်ပဲရှိတယ်။ ရှိသင့်ရှိလောက်တဲ့ minimum gear ရှိပြီဆိုရင် အနည်းဆုံးတော့ လွယ်လွယ်လေးလုပ်လို့ရတယ်။ Alliance Raid ကတော့ နည်းနည်းလေး ခက်တယ်။ အဲ့ဒီမှာ ခက်တယ်ဆိုတာကလည်း စစထွက်ချင်း တစ်ပတ်နှစ်ပတ်ပါပဲ၊ ပြီးတော့ နောက်ပိုင်းအားလုံးအတွက် ထမင်းစား ရေသောက်လိုပဲ ဖြစ်သွားတာပါပဲ။  အဲ့ဒီမှာ ပြဿနာက savage/extreme level တွေပဲ။ Difficulty level က ရုတ်တရက်ကြီး မြင့်တက်သွားတယ်။ World of Warcraft နဲ့ difficulty level ချင်းနှိုင်းယှဉ်ကြည့်မယ်ဆိုရင် Heroic နဲ့ Mythic raid ကြားထဲလောက်မှာရှိတယ်။ Heroic လောက်လည်း မလွယ်သလို Mythic လောက်လည်း မခက်ဘူး။ ဒါပေမယ့် hardcore raiding experience မရှိရင်တော့ တော်တော် အသားကျဖို့ အချိန်ယူရမယ်။

ပုံမှန် normal raid တွေမှာဆိုရင် boss spell တွေကို ရှောင်ရလွယ်အောင် လုပ်ပေးထားပေမယ့် Savage raid တွေကျတော့ အဲ့ဒါမျိုးတွေမပါတော့ဘူး။ Normal raid က boss spell တွေပဲဆိုပေမယ့် ကိုယ်က ဘယ် spell ဆိုရင် ဘာလုပ်ရတယ်ဆိုတာ မှတ်မထားရင်တော့ အဲ့ဒီအတွက်ကိုပါ အချိန်တော်တော်ယူရတယ်။ ဒါ့အပြင် savage only သုံးတဲ့ boss spell တွေလည်းရှိသေးတော့ FFXIV မှာ positioning နဲ့ teamwork မညီရင်တော့ အမြဲတမ်း wipe နေမှာပဲ။ အဲ့ဒီတော့ တကယ်တမ်း ကိုယ်က savage raid တွေလုပ်တော့မယ်ဆိုရင် အကောင်းဆုံးက boss fight video ကြည့်တာတွေ၊ ကိုယ်ဆော့နေတဲ့ job နဲ့ပတ်သက်ပြီး Point of View (pov) video တွေကြည့်ပြီးတော့ ဘယ်လိုမျိုး improve ဖြစ်လာအောင် လုပ်သင့်ဆိုတာတွေကို လေ့လာသင့်တယ်။ MMORPG တွေရဲ့ထုံးစံအတိုင်း Item level များတဲ့ gear တွေကို အသုံးပြုရင် ကြမ်းတယ်ဆိုပေမယ့် item တွေဘယ်လောက်ပဲ ကြမ်းကြမ်း ကိုယ်ကိုယ်တိုင်က အဖြစ်မရှိရင်တော့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။

တကယ်တမ်း raid ပြီဆိုရင် optimization က အရမ်းအရေးပါတယ်။ ဘယ်လောက်ပဲ item ကြီးက ကောင်းနေပါစေ ကိုယ့် job အတွက် လိုအပ်တဲ့ stats မဟုတ်ရင် သုံးစားမရတာပါပဲ။ အဲ့ဒီအတွက် Best in Slot (BiS) gear တွေနဲ့ ထည့်သင့်တဲ့ materia တွေအတွက် The Balance မှာ သွားဖတ်ကြည့်လို့ရတယ်။ သူ့ဆီမှာဆိုရင် Job တိုင်းအတွက် Skill rotation တွေ၊ BiS gear တွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ Theorycrafting တွေလုပ်ထားတာလည်း ရှိတယ်။ WoW လောက် raidbots လိုမျိုး simulation tools တွေ မစုံဘူးဆိုပေမယ့် community က သူ့ဟာသူ ဖြစ်အောင်တော့လုပ်ထားတာလေးတွေရှိတယ်။ FFLogs တို့ ACT (Advanced Combat Tracker) တွေလည်းရှိတယ်။ WoW လိုမျိုး client လေးနဲ့ လွယ်လွယ်လေးတော့ အသုံးပြုလို့မရဘူးပေါ့။ သုံးမယ်ဆိုရင် နည်းနည်းလေးတော့ guide တို့ documentation တို့လောက်တော့ ဖတ်မှရမယ်။

နောက်ကြုံရတဲ့ပြဿနာတစ်ခုက Latency/Ping ပဲ။ တစ်ချို့ boss mechanics တွေဆိုရင် ကိုယ်က video ထဲမှာ ပြထားသလိုမျိုးတွေ လုပ်လို့ရမှာမဟုတ်ဘူး။ အများအားဖြင့်က Japan server မှာဆော့ကြတာဆိုတော့ အနည်းနဲ့အများကတော့ latency များမှာပဲ။ ဒီတိုင်းဆော့လို့ရပေမယ့်လည်း တကယ်တမ်း latency များနေရင် 1-2 sec delay က တော်တော်ပြဿနာပေးတယ်။ ကိုယ်က ရွေ့လိုက်တယ်ဆိုပေမယ့် စက္ကန့်ပိုင်းနောက်ကျနေလို့ သေသွားတာတွေလည်း ခဏခဏပဲ။ အဲ့ဒီတော့ Gaming VPN တွေ လိုလာရော။ ကျွန်တော်ကတော့ လက်ရှိ FFXIV အတွက် ExitLag ဆိုတာကို သုံးတယ်။ (၃) ရက်စမ်းသုံးကြည့်လို့ရသလို ဝယ်မယ်ဆိုရင်လည်း စျေးက တခြား WTFast တို့ VPN service တွေထက် စျေးအများကြီးသက်သာတယ်။ ကိုယ်က End-Game raid tier တွေလုပ်ချင်တယ်ဆိုရင်တော့ သုံးဖို့ စဉ်းစားကြည့်သင့်တဲ့ application တစ်ခုပါပဲ။ ကိုယ့်အတွက် ပိုကောင်းတဲ့ gaming experience ကိုရစေတာကတော့ အမှန်ပဲ။

Happy Raiding!

K

Give a man a program, frustrate him for a day. Teach a man to program, frustrate him for a lifetime.