My Journey To The Sound of Heaven

Audiophile Nov 01, 2019

ကျွန်တော် နားကြပ်အကြောင်းတွေပဲရေးဖြစ်နေလို့  ကော်ဖီအကြောင်းရေးတုံးကလိုပဲ နားကြပ်တွေကို စပြီးတော့ ရူးသွပ်သွားတဲ့ အကြောင်းကိုရေးချင်ပါသေးတယ်။ အရင်တုံးကနေ အခုထက်ထိကို ကိုယ်ကိုယ်ကို Audiophile လိုမယူဆသလို နားကြပ်တစ်ခုကို ဈေးအများကြီးပေးရတာ လန့်နေတုံးပါပဲ။ ဒါပေမယ့် ဘေးမှာ ပေါင်းတဲ့သူငယ်ချင်းတွေ တော်တော်များများက အမျိုးအစားစုံလင်လှတဲ့ geek တွေဖြစ်နေသလို သူတို့တွေထဲမှာ တချို့ တဝက်လောက်က  Audiophile တွေပါ။ အဲဒီထဲကမှ ကျွန်တော်ကို ပိုးသွင်းပေးတဲ့သူကတော့ ကျော်ရဲသန့်ပါ။ ၂၀၁၃ လောက်ကဖြစ်မယ်။ Shop.com.mm ကနေ Sony နားကြပ်တွေ ဈေးချနေတုံးက သူရှဲထားတာကို တွေ့လို့ ကျွန်တော်ကိုယ်တိုင်ကလည်း လက်ရှိနားကြပ်ကပျက်နေလို့ ဝယ်ရင်ကောင်းမလား မေးရင်းနဲ့ ချသာချ ဆိုပြီး မြှောက်ပေးလိုက်လို့ ပထမဆုံး earbud ကို ဝယ်ဖူးသွားတာပါပဲ။ အဲဒီမတိုင်မီကတော့ ကျွန်တော်က ဖုန်းဝယ်ရင် ပါတဲ့ နားကြပ်တို့  ၂၀၀၀ တန် Sony နားကြပ်အတုတွေပဲ ဝယ်နေတာဖြစ်ပြီးတော့ ထုံးစံအတိုင်း ကြိုးပျက်တာရယ် ၊ အသံကောင်းမကြားရတာရယ် ခဏခဏ ပြောင်းနေတာပါပဲ။

ကျွန်တော် ပထမဆုံး ဝယ်ဖြစ်တာကတော့ Sony XB50AP ဖြစ်ပြီးတော့ ပုံမှန်ဆို ဝယ်ဖြစ်မယ်မထင်ပေမယ့် shop.com ကနေ discount ချနေတဲ့ အချိန်ဆိုတော့ ပေးရတဲ့ဈေးရယ်နဲ့ဆိုရင် တန်တယ်လို့ ဆိုရမယ်။ သတိထားမိတာက Bass က ကျစ်နေတာပဲ။ သို့သော် နောက်ပိုင်း နားကြပ်တွေနဲ့ယှဉ်နားထောင်ရင်တော့ Artificial ဖြစ်မယ် သိလာပေမယ့် အဲဒီတုံးက သတိမထားမိပါဘူး။

အဲဒါနဲ့ နှစ်နှစ်လောက် သုံးတော့ ကိုယ်ကအမြဲသုံးသလို ကိုယ်သုံးတာ ကြမ်းတော့ သိပ်တော့ မခံနိုင်ရှာပဲ ပျက်သွားတယ်။ ထုံးစံအတိုင်း တစ်ဖက် မကြားရတာနဲ့ ပျက်သွားတာပါပဲ။ အဲဒါနဲ့ နောက် နားကြပ်ရှာဖို့ ကြည့်တော့ ထုံးစံအတိုင်းပဲ TMW က discount ချနေချိန်ဆိုတော့ Sony XB450AP ကိုဝယ်ဖြစ်တယ်။

အဲဒီအချိန်ကြတော့ earbud မဟုတ်ပဲနဲ့  On Ear Headphone ဖြစ်သွားပြီ။ အဲဒီကောင်လေးလည်း discount ချတော့ သူပေးရတဲ့ဈေးနဲ့ဆိုရင် မဆိုဘူး တန်တယ်လို့ဆိုရမယ်။ အဲဒီတစ်လုံးကတော့ အခုထက်ထိတော့ ခံသေးတယ်။ Ear Cushion တွေကတော့ ပြဲကုန်ပြီ။ အဲဒီ Model  နဲ့ သူ့ရဲ့ successor ဖြစ်တဲ့ 550AP မှာကော အဲဒီပြဿနာရှိတယ်။ ပြန်ဆက်ရရင် အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက် စင်္ကာပူကနေပြန်လာတော့ တခြား သူငယ်ချင်းတွေပေါင်းပြီး နားကြပ်တွေယူလာပြီး listening test လုပ်မယ် ဆိုပြီး စုမိတယ်။ သူများနိုင်ငံဆိုရင်တော့ shopping center သွားပြီးစမ်းလို့ရပေမယ့် ဒီမှာက အဲဒီလို လုပ်စရာက သိပ်ရွေးစရာမရှိပါဘူး။ Sony တို့ Philip တို့လို တခြား brand တွေနဲ့ရောနေတဲ့ earphone တွေချထားတာစမ်းလို့ရတာများတယ်။ အခု စမ်းကြည့်ဖြစ်တဲ့ နားကြပ်တွေက AKG Q702 (Shwe Lone) ရယ် ၊ Sennheiser HD600 (Aung Chan Myae) ရယ် ၊ Etymotic ER-3 (Shwe Lone) ရယ် ၊ Samsung အတွက် AKG က tune လုပ်ပေးတဲ့ တစ်ခုရယ် ၊ Sony XB950BT (ကိုညမီးအိမ်) ရယ်။ ဒါအပြင် Amp တွေ DAC တွေကတော့ နာမည်မမှတ်မိတော့ပါဘူး။

Etymotic - ER4S

အဲဒီမှာမှ ဗဟုသုတ တော်တော်လေးရပါတယ်။ ကိုယ့်နားကြပ်တွေက တော်တော်လေးငုပ်ပြီး စမ်းရတဲ့ဟာတွေက ဘာမှမဆိုင်အောင် အသေမိုက်တာကို သတိထားမိတယ်။ အထူးသဖြင့် Etymotic ER-3S ဆိုရင် နားထဲကို အတွင်းထဲထိ ထည့်လိုက်ပြီး ကြားရတဲ့ အသံဆိုတာ တခြားနားကြပ်တွေနဲ့ ဘာမှ ဘာမှ မဆိုင်သလိုပဲ။ နားစည်နားကပ်ပြီး သီချင်းဖွင့်ပြနေသလို တကယ်လည်း Physically အရ နားထဲတော်တော်အတွင်းထိထည့်ရတာပါ။

AKG K702 (left) vs Sennheiser HD600 (right)

AKG Q702 ဆိုရင်လည်း Open Backed Headphone ပီပီ နားထောင်ရတော်တော်မိုက်တာ။ အဲဒီတော့မှ ပြောပြောနေတဲ့ sound stage ဆိုတာ သဘောပေါက်မိတယ်။ ဝေးတဲ့အသံက အဝေးမှာ နီးတဲ့အသံက အနီးမှာ Concert တစ်ခုကိုရောက်သွားသလဲလိုမျိုး ခံစားရတယ်။ Senheisser HD600 နဲ့ AKG 702 ကြတော့ အဲဒီအခါတုံးက ယှဉ်နားထောင်ဖြစ်ပေမယ့် နှစ်ခုလုံး မိုက်တယ်ခံစားမိပြီး ကွဲဲပြားခြားနားချက်ကို သတိမထားမိပါဘူး။ အဲဒီီီီလိုယှဉ်နားထောင်လိုက်တော့ သိသာသွားတာကတော့ Bass တွေက Aritifcal ဖြစ်အောင် မတရား tune ထားတဲ့ bass ရယ်၊ သဘာဝဆန်တဲ့ bass ရယ်ဆိုပြီး ကွဲပြားခြားနာချက်ကို သိသာသွားပါတယ်။ tune တာကတော့ ဘယ် နားကြပ်မဆို tune ထားတာပါပဲ။ ဒါပေမယ့် ဘယ်လို approach လုပ်သလဲဆိုတာကတော့ တော်တော်ကွာသွားပါတယ်။ အဲဒါကိုမှ equilizer software နဲ့ ဘယ်လိုကစားသလဲ၊ DAC နဲ့ amp ကိုဘယ်လို အသုံးချသလဲဆိုတာကတော့ အခုထက်ထိ မသိသေးပါဘူး။ အဲဒီအချိန်ကတည်း သူငယ်ချင်းတွေက DAC+Amp or Portable Music Player တွေနဲ့ ကိုင်ပြီး သုံးနေပါပြီ။ အဲဒီမှာ ထူးခြားတာက AKG က tune ထားတယ်ဆိုတဲ့ Samsung နားကြပ် က တော်တော်လေး weak ပါတယ်။  ပြောချင်တာက ပေးရတဲ့ ဈေးနဲ့ကို မတန်အောင် weak တာပါ။

အဲဒီနောက်ပိုင်း "ငါတော့ တချိန်ချိန် Over Ear Headphone တစ်လုံး ဝယ်မယ်" ဆိုပြီး ကြံရွယ်နေတာ မနှစ်ကမှ Audio-technica ရဲဲ့ဲ့ ATH-50xbt ကိုဝယ်ဖြစ်တယ်။ ဒီကောင်ကလည်း reference headphone ဖြစ်တဲ့ ATH-50 ရဲ့ နောက်မျိုးဆက် ATH-50x ရဲ့ bluetooth version ပါ။ သူ့ရဲ့ ဘိုးတော်ဖြစ်တဲ့ ATH-50 ကိုနားမထောင်ဖြစ်ပေမယ့် ATH-50xbt ကတော့ reference headphone အတိုင်းflat တော့မဟုတ်ပါဘူး။ Bass တော့ tune ထားပါသေးတယ် သို့သော် Beat Studio လိုမျိုး Club bass ဘက်ကို မတရား tune ထားတာမဟုတ်တဲ့အတွက် ဘက်စုံနားထောင်လို့ရတဲ့ အပြင် material ကလည်း အကြမ်းခံတော့ မဆိုးဘူးလို့ပြောလို့ရတယ်။

Audio Technica ATH-M50xbt

ဒါပေမယ့် အခုချိန်ပြန်စဉ်းစားကြည့်တော့ ATH-m50x အစားတခြားဟာတွေဝယ်ခဲ့ရင်ကောင်းမလားတွေစဉ်းစားမိတယ်။ m50x က မကောင်းတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအစား Open Back Headphone တွေကို သွားမျှော်မိနေတာ။ အရင်ကတော့ မသိသေးတော့ ဒါတွေက ဈေးအရမ်းကြီးလို့ လက်လှမ်းမမှီနိုင်စရာလို့ ထင်ပေမယ့် အခု  ကတော့ drop နဲ့ collaborate လုပ်ထားတဲ့ 6xx, 7xx တို့ 4xx တို့အကြောင်း သိလာတော့ အဲဒါမှာခဲ့ရင်ကောင်းသားဆိုပြီး တွေဝေနေတာ။ သို့သော် အဲဒီဘက်လိုင်းလိုက်ရင်လည်း လွယ်တာတော့ မဟုတ်ပါ။ Headphone ကထုတ်ပေးတဲ့ output ohm ကိုလိုက်မှီအောင် Amplifier နဲ့ Digital to Analog Converter (DAC) တွေလိုအုံးမှာ။ ဒါအပြင် အဲဒီလောက် နားကြပ်ကြီးမှတော့ mp3 ထက်စာရင် flac တို့ dsd တို့လို format တွေနားထောင်မှ သူ့ရဲ့ full potential ကိုသိနိုင်မှာ ဖြစ်သလို music steaming platform တွေဖြစ်တဲ့ spotify တို့ tidal တို့ဝယ်သုံးမှအဆင်ပြေမှာပါ။

အဲဒါနဲ့ တချိန်ချိန် Open backed Headphone ဝယ်မယ်ကြံရွယ်နေရင်းနဲ့ပဲ တရုတ် earphone တွေအကြောင်းတွေ့တော့ ဈေးလည်းတန်တာနဲ့ တခြား သူငယ်ချင်းတွေကို ဆေးထိုးရင်း ဒီနေ့ ကျော်ရဲသန့်တို့နဲ့ Concert ကြည့်မယ် ချိန်းထားရင်းနဲ့ နည်းနည်းစောတာနဲ့ သူ လတ်လတ်ဆတ်ဆတ် ဝယ်ထားတဲ့ Sennheiser IE-60 ရယ် Brang ယူလာတဲ့ Audio Technica ATH-IM03 ကိုနားထောင်ကြည့်မိတယ်။

Sennheiser IE-60

နှစ်ခုစလုံးက In Ear Monitor အမျိုးအစား Earbud ပဲ။ Sennhesier ကတော့ ရိုးရိုး Dynamic driver နဲ့၊ ATH-IM03 ကတော့ တစ်ဖက်ကိုBalanced Armature တစ်လုံး၊ Dynamic တစ်လုံးစီနဲ့ပါ။

Audio-technica ATH-IM03

စမ်းနားထောင်ကြည့်တော့ အရင်  ရေးဖူးတဲ့ KZ E10 တို့ KZ ZSN Pro တို့နဲ့ ဘာမှမဆိုင်အောင် မိုက်ပါတယ်။ ဈေးကလည်း ဘာမှမဆိုင်ပါဘူး။ အဲဒီထဲမှာ IE-60 ကနည်းနည်းသက်သာပါလိမ့်မယ်။ IM03 ကတော့ ထပ်မထုတ်တော့ဘူးလို့  ပြောပါတယ်။ အဓိက ကွာသွားတာက Sound Signature ရယ် ၊ Tune ထားတာကြောင့် ရလာတဲ့ Bass တွေ Treble တွေက အများကြီး သဘာဝကျပါတယ်။ ဆိုးတာကတော့ ဈေးပါပဲ။ ဒါကြောင့် ပထမဆုံး ဝယ်မယ့် သူဆိုရင်တော့ အားမပေးပါဘူး။ ကိုယ့်လုပ်တာ ကိုယ်သိတဲ့သူအတွက်ဆိုရင်တော့ ပြောစရာမရှိပါဘူး။

Kelvin Morris

Programmer, Coffee lover, Gamer, Otaku and Bookworm